Idea Star
myanmar
english
japanese
chinese
ho
co
fa
tw
ဆောက်လုပ်ရေး
အကျိုးဆောင်
ဂျာနယ်
သတင်း
ကားလမ်းညွှန်
ကွန်ဒို
အရောင်း
အငှား
တိုက်ခန်း
အရောင်း
အငှား
လုံးချင်း
အရောင်း
အငှား
မြေ
အရောင်း
အငှား
စက်မှုဇုံ
အရောင်း
အငှား
Download this week journal
Property
Search Engine
ကွန်ဒို
တိုက်ခန်း
လုံးချင်း
မြေ
စက်မှုဇုံ
အရောင်း
အငှား
--Any--
အခြား
ရန်ကုန်
မြို့နယ်
အလုံ(138)
ဗဟန်း(1829)
ဗိုလ်တစ်ထောင်(23)
ဒဂုံဆိပ်ကမ်း(7)
ဒဂုံ(44)
ဒလ(3)
ဒေါပုံ(50)
အရှေ့ဒဂုံ(32)
လှိုင်(930)
လှိုင်သာယာ(373)
အင်းစိန်(763)
ကမာရွတ်(815)
ကျောက်တံတား(24)
ကြည့်မြင်တိုင်(198)
လမ်းမတော်(79)
လသာ(67)
မရမ်းကုန်း(2193)
မင်္ဂလာတောင်ညွှ့န်(94)
မင်္ဂလာဒုံ(136)
မြောက်ဒဂုံ(637)
မြောက်ဥက္ကလာပ(212)
ပန်းဘဲတန်း(6)
ပုစွန်တောင်(72)
စမ်းချောင်း(475)
ရွှေပြည်သာ(59)
တောင်ဒဂုံ(72)
တောင်ဥက္ကလာပ(1443)
တာမွေ(347)
သာကေတ(421)
သင်္ကန်းကျွန်း(1484)
ရန်ကင်း(992)
လှည်းကူး(8)
ရွှေပေါက္ကံ(8)
မှော်ဘီ(6)
သန်လျင်(52)
ကျပ်
:
min
100
200
300
400
500
600
700
800
900
1000
max
|
|
|
|
|
|
|
|
|
|
|
|
100
100
Construction Corner
Name
KBZ Tower
Construction
Naing Group
Construction
MPT
Construction
MKT
Name
Royal Suhtoopan
Construction
FatherLand
Sale by Owner
Our Partners
Estate One
မင်းမဟာ
ငွေကြေးမုံ
Winner Strength
မေခ
Afforda Services
မြန်မာ့ဓနအောင်
မြန်မာ့အောင်မြေသစ်
စိုင်းခွန်နောင်
ထက်အောင်သျှိင်း
ပြည်ကြီးတံခွန်
ထွန်းမင်းလတ်
လက်တွဲဖော်
TRIUMPH(TBG)
ပြည့်စုံအောင်
Lucky Home
Grace
ရွှေမင်းသမီး
Lucky
ဂျိုးဖြူ
ကေကေ
Best - 5
ပြည့်စုံမြင့်မိုရ်
Myanmarsinthai
KO MIN AUNG
ဖြိုးသစ္စာ
လင်းထက်အောင်
Ko Aung
ငွေကောင်းကင်
SMILE
FAITH
ရွှေမြေသစ္စာ
မြင့်မိုရ်ဟိန်း
ကိုသိန်းမြင့်
နေနိုင် II
Latest News
Popular News
Interviews
Orbit Insplined Underwater Hotel(ရေအောက်ဟိုတယ်)
ရေအောက်ဟိုတယ်မှာ ပိုလန်ကုမ္ပဏီ ဖြစ်သည့် DELP OCEAN TECHNOLOGY ဒီဇိုင်းဖြစ်သည်။ ဒူဘိုင်း နိုင်ငံတွင် ပထမဆုံး တည်ဆောင်မည့် ရေအောက်ဟိုတယ်ဖြစ်သည်။
ဟိုတယ်ကို တွေ့မြင်ရသည်မှာ သမုဒ္ဒရာမျက်နှာပြင်ထက်တွင် ရပ်နားနေသည့်ဆန်းပြားသော အာကာသသဘောင်္နှင့် သဏ္ဍာန်တူသည်။
ဟိုတယ်၏ တည်ဆောက်မှုပုံစံသည် နေရာကိုချဲ့ထွင် နိုင်စွမ်းနှင့် ပြောင်းလဲနိုင်စွမ်း သဏ္ဍာန်ရှိသည်ဟု DOT မှရှင်းလင်းပြောဆိုသည်။ နယ်ပယ်ချဲ့ထွင် နေရာယူနိုင်စွမ်း သဏ္ဍာန်ဖြင့် အလွန်ပင် ဆွဲဆောင်မှုရှိသော အနာဂတ်ဟိုတယ်တွင် အခန်း(၂) ခန်း ၊ ဘား(၁) ခုနှင့် ရေငုပ်စင်တာ (၁) ခု ပါရှိသည့် ရေအောက်အချပ် ၀ိုင်းတစ်ခုပါဝင်မည်ဖြစ်သည်။ ရေပေါ်နှင့် ရေအောင်နှစ်နေရာစလုံးတွင် ဧည့်သည်တော်များကို နေထိုင်စဉ်ကာလတစ်လျောက် ရေအောက်ရှုခင်းများ ခံစားကြည့်ရှု နိုင်စေရန်နှင့် ရေပေါ်ရှိ နွေးထွေးသော ရာသီဥတု ကို ခံစား နိုင်စေရန် ရည်၇ွယ်ပြီး ဒီဇိုင်း တည်ဆောက်ထားသည်။
လောင်စာဆီလုံးဝမလိုသည့် ဆိုင်ကယ်
လောင်စာဆီ လုံးဝမသုံးပဲ လျှပ်စစ်ဘက်ထရီကို သီးသနု့် အသုံးပြု မောင်းနှင်ရတဲ့ Zecoo Electric E-bike ဟု အမည်ပေးထားသော ခေတ်ရှေ့ပြေး ဒီဇိုင်းနှင့် ဆိုင်ကယ်ကို ၂၀၁၂ တိုကျိုမော်တော်ဆိုင်ကယ် ပြပွဲမှာ ၀င်ရောက်ပြသသွားခဲ့သည်။
ပုံတွင် Zecoo Electric E-bike ကို လှပပေါ့ပါးသော အသွင့်ဖြင့် မြင်တွေ့ရမည် ဖြစ်သည်။ ၆ နာရီကြာ အားသွင်းထားလျှင် မိုင် ၁၀၀ ကျော်ခန့် မောင်းနှင် နိုင်သည်ဟု သိရှိရပါသည်။ ကာဗွန်ဖိုက်ဘာနှင့် အလူမီနီယံ သတ္တုကို အသုံးပြုတည်ဆောက် ထားခြင်းကြောင့် လွန်စွာပေါ့ပါး ပြီး classic retro aspect ပုံစံဖြင့် Low- rider ဆိုင်ကယ် ဖြစ်ပါသည်။ Zecoo မှ တန်ဖိုး အမေရိကန်ဒေါ်လာ ၇ သောင်းဖြင့် ဂျပန်နိုင်ငံတွင် စတင်ဖြန့်ချီ နေပြီဖြစ်ကြောင်း သိရှိရပါသည်။
Walking House (လမ်းလျှောက်သောအိမ်ကလေး)
လမ်းလျှောက်သော အိမ်ကလေးသည် ဟိုက်ဒရောလစ်ခြေထောက် (၆) ချောင်းရှိပြီး ၊ Danish အနုပညာစတူဒီယို N55 ၏ ဒီဇိုင်းဖြစ်သည်။ နေရောင်ခြည်စွမ်းအင်သုံး လမ်းလျှောက်အိမ်လေးမှာ စတီးနှင့် အထပ်သားများဖြင့် တည်ဆောက်ထားသည်။
လမ်းလျှောက်အိမ်ကလေးတွင်မီးဖိုဆောင်ငယ် ၊ သန့်စင်ခန်း ၊ အီလက်ထရောနစ် ပရိဘောဂ ၊ အိမ်စင်နှင့် မိုးရေစုဆောင်းပေးသည့် စနစ်များပါရှိသည်။ အိမ်ကလေး ၏ လှုပ်ရှားမှုကို Touchscreen မှတဆင့် ထိန်းချုပ်နိုင်သည်။ ရွေလျားအိမ်လေးမှာ ရွေပြောင်းသွားလာ နေထိုင်ရသူများအား ငြိမ်းအေးစွားနေထိုင်နိုင်စေမည်ဖြစ်သည်။ သွားရာ လမ်းတစ်လျှောက်တွင် ဖြေးညင်းစွာ လှုပ်ရှားသည့်အတွက် ပတ်ဝန်းကျင်ကို အနည်းငယ်မျှသိသာစေမည်ဖြစ်သည်။
Walking House (လမ်းလျှောက်သောအိမ်ကလေး)
လမ်းလျှောက်သော အိမ်ကလေးသည် ဟိုက်ဒရောလစ်ခြေထောက် (၆) ချောင်းရှိပြီး ၊ Danish အနုပညာစတူဒီယို N55 ၏ ဒီဇိုင်းဖြစ်သည်။ နေရောင်ခြည်စွမ်းအင်သုံး လမ်းလျှောက်အိမ်လေးမှာ စတီးနှင့် အထပ်သားများဖြင့် တည်ဆောက်ထားသည်။
လမ်းလျှောက်အိမ်ကလေးတွင်မီးဖိုဆောင်ငယ် ၊ သန့်စင်ခန်း ၊ အီလက်ထရောနစ် ပရိဘောဂ ၊ အိမ်စင်နှင့် မိုးရေစုဆောင်းပေးသည့် စနစ်များပါရှိသည်။ အိမ်ကလေး ၏ လှုပ်ရှားမှုကို Touchscreen မှတဆင့် ထိန်းချုပ်နိုင်သည်။ ရွေလျားအိမ်လေးမှာ ရွေပြောင်းသွားလာ နေထိုင်ရသူများအား ငြိမ်းအေးစွားနေထိုင်နိုင်စေမည်ဖြစ်သည်။ သွားရာ လမ်းတစ်လျှောက်တွင် ဖြေးညင်းစွာ လှုပ်ရှားသည့်အတွက် ပတ်ဝန်းကျင်ကို အနည်းငယ်မျှသိသာစေမည်ဖြစ်သည်။
Lamborghini မှ မြန်မာကျပ်ငွေသိန်း ၃၀၀ တန်စက်ဘီးထုတ်လုပ်
အီတလီနိုင်ငံ Lamborghini ပြိုင်ကား ကုမ္ပဏီ မှ ထုတ်လုပ်မှု နှစ်၅၀ ပြည့် အထိမ်းအမှတ်အဖြစ် ထုတ်လုပ်လိုက်သော စက်ဘီးမှာ တန်ဖုန်းအားဖြင့် အမေရိကန်ဒေါ်လာ ၃၂၀၀၀(မြန်မာငွေသိန်း ၃၀၀) ခန့် တန်ကြေးရှိကြောင်း သိရသည်။ ကမ္ဘာပေါ်တွင် ကားအစီးရေ(၂၀)သာ ထုတ်လုပ်ခဲ့သည့် Lamorghini Aventdor ပြိုင်ကားတွင် ကာဗွန်ဖိုင်ဘာကို ပြန်ပြီး အသုံးပြုထားခြင်းကြောင့် ယခုကဲ့သို့ ဈေးနှုန်းကြီးမြင့် ရခြင်း ဖြစ်သည်ဟု သိရှိရပါသည်။
၎င်း Lamborghini စက်ဘီးကို အစီးအရေအတွက်(၅၀)စီးသာ ကန့်သတ် ထုတ်လုပ်ထားပြီး ဦးရာလူစနစ်ဖြင့် ရောင်းချပေးမည်ဖြစ်သည်။ ရိုးရိုးဂီယာ စက်ဘီးတစ်စီးဖြစ်သော်လည်း Lamgorghini ရဲ့အရိပ်အရောင် နှင့်တံဆိပ်များ ပါဝင်နေသောကြောင့် ဒေါ်လာ ၃၂၀၀၀ ကျောင်သည့်တိုင် စိတ်ဝင်စားသူ များပြားကြောင်း သိရှိရပါသည်။
ကမ္ဘာ့အမြင့်ဆုံး လူနေအိမ်ရာတာဝါ(Princess Tower)
ယူအေအီးနိုင်ငံ ၊ ဒူဘိုင်းတွင်ရှိသော Princess Tower (ရွှေမင်းသမီးတာဝါ) သည် ကမ္ဘာပေါ်တွင် အမြင့်ဆုံး လူနေအိမ်ရာ အဆောက်အအုံ(The world's tallest residential building) အဖြစ်စံချိန်တင်ထားသည်။
အထပ်ပေါင်း ၁၀၁ ထပ်ရှိပြီး ၊ အမြင့်ပေမှာ ၁၃၅၈ ပေရှိသည်။ အခန်းယူနစ်ပေါင်း ၇၆၃ ခုနှင့် လက်လီလက်ကားဆိုင်ကြီးများ(၈)ခုမကပါဝင်သည်။ကားအစီးပေါင်းထောင်ချီဆန့်သောပါကင်အထပ်သစ်များလည်းရှိသည်။
ပုံတွင်မြင်တွေ့နေရသည်မှာ ရွှေမင်းသမီးတာဝါ၏ အမြင့်ဆုံးအထပ်မှ မြူများဖုံးနေသော ဒူဘိုင်းတစ်မြို့လုံးကို လှမ်းမြင်နေရပုံ ဖြစ်သည်။
၂၀၀၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၂၀၁၂ ခုနှစ်စက်တင်ဘာလတွင် ပြီးစီးခဲ့သည်။
ယနေ့အခါတွင် လူနေအိမ်ခန်းပေါင်းများစွာပါရှိသော ကမ္ဘာ့အမြင့်ဆုံး အိမ်ရာတာဝါအဖြစ် အသိအမှတ်ပြုခံထားရသော တာဝါဖြစ်သည်။
စိုင်းခွန်နောင် ကုမ္ပဏီလီမိတက် မင်္ဂလာတောင်ညွန့်မြို့နယ်၌ ရုံးခွဲဖွင့်လှစ် ခြင်း အခမ်းအနား
မင်္ဂလာပါအကို ... အကိုတို့ စိုင်းခွန်နောင်မှ စိုင်းရုံးခွဲ ဖွင့်ဖြစ်သွားတဲ့အတွက်များစွာ ဂုဏ်ယူဝမ်းမြောက်မိပါတယ်ရှင်။
ဖြေ - ကျေးဇူးတင်ပါတယ်။
မေး - အကိုတို့ရဲ့စိုင်းခွန်နောင်မှ ဘယ်လိုအကြောင်းကြောင့် ရုံးခွဲထပ်ဖွင့်ဖြစ်ပုံလေးကို ပြောပြပါလားရှင်။
ဖြေ - မြို့ထဲက မိတ်ဟောင်းလေးတွေ တာမွေရုံးထိလာရတာ ကားသိပ်ကျပ်တယ်။အဓိက Customer တွေအတွက် ရည်ရွယ်ပြီးဖွင့်ဖြစ်သွားတာပါ။
မေး - ဒီနေရာ (မင်္ဂလာတောင်ညွန့်) မှာ ဘာကြောင့် ရွေးချယ်ပြီး ဖွင့်ဖြစ်သွားတာလဲဆိုတာလေး သိပါရစေရှင်။
ဖြေ - ကျွန်တော်ရွေးတဲ့နေရာက ကျွန်တော့် မိတ်အများဆုံးနေရာမို့ပါ။ မင်္ဂလာဈေးနဲ့ ယုဇနပလာဇာရဲ့ အနီးဆုံးနေရာမို့ပါ။
မေး - ဒီရုံးခွဲမှာကရော ၀န်ထမ်းအင်အား ဘယ်လောက်နဲ့ ဖွဲ့စည်းထားပါသလဲရှင်။
ဖြေ - လောလောဆယ် (၁၀) ယောက်ဖွဲ့စည်းထားပါတယ်။
မေး - ၀န်ဆောင်ခ နှုန်းထားကရော အကိုတို့ ရုံးချုပ်နဲ့ တူတူ ပဲလားရှင့်။ပြီးတော့ အိမ် ၊ ခြံ ၊ မြေ လုပ်ငန်းအပြင် အခြားလုပ်ငန်းတွေပါပူးတွဲလုပ်ဆောင်သွားဖို့ရှိပါသလားရှင့်။
ဖြေ - ၀န်ဆောင်ခတော့ တူတူပါပဲ။(အိမ် ၊ ခြံ ၊ မြေ ) လုပ်ငန်းအပြင် ၊ ဥပဒေ အကြံပေးလုပ်ငန်း ၊ ဆောက်လုပ်ရေးလုပ်ငန်း နဲ့အိမ်တွင်းပြင်ဆင်မှု လုပ်ငန်း လုပ်နေပါတယ်။
မေး - အကိုတို့ စိုင်းခွန်နောင်အနေနဲ့ Customer တွေကို ဘယ်လို အကြံဥာဏ်များ ပေးချင်ပါသလဲရှင်။
ဖြေ - (အိမ် ၊ ခြံ ၊ မြေ ) ၀ယ်ရင် ပိုင်ဆိုင်မှု စာရွက်စာတမ်း ကသိပ်အရေးကြီးလို့ သေချာ နားလည် တက်ကျွမ်းတဲ့ သူနဲ့စစ်ပြီးမှဝယ်စေချင်ပါတယ်။
"စိုင်းခွန်နောင်" ကုမ္ပဏီ နဲ့ လုပ်ငန်းဆက်သွယ်ဆောင်ရွက်သူအားလုံး လိုအင်ဆန္ဒအားလုံး ပြည့်ဝနိုင်ပါစေလို့၊ ပြီးတော့
Property Guide Journal ကိုလည်း ကျေးဇူးတင်ပါတယ်။
ဦးကျော်ဆန်းဦး (Managing Director) မင်းမဟာ အိမ်ခြံမြေ၀န်ဆောင်မှုလုပ်ငန်း
မေး- အကိုတို့ Company ရဲ့အမည်ကို ဘယ်လိုစိတ်ကူးလေးနဲ့ မင်းမဟာဆိုပြီး အမည်ပေးဖြစ်ခဲ့တာလဲ သိပါရစေရှင့်။
ဖြေ- မင်းမဟာလို့အမည်ပေးဖြစ်ခဲ့တာက ကို့ရဲ့ဆရာသမားကို ရည်စူးပြီးပေးဖြစ်ခဲ့တာပါ၊ ကို့ဆရာသမားက မဟာမြေ
ဆိုတဲ့အကျိုးဆောင်ရှိတယ်။ဆရာသမားနာမည်လဲပါအောင် ပြီးတော့ကို့ ကို ဦးမင်း လို့ လူသိမလားတာကိုး။အဲဒါကြောင့် နှစ်ခု
ပေါင်းပြီး ဒီအမည်ကိုပေးဖြစ်ခဲ့တာပါ၊
မေး- အခုအကိုတို့ Company ရန်ကုန် အခြေစိုက်ဆိုတော့ ရန်ကိုအိမ်ခြံမြေအတွက် ၀န်ဆောင်မှုပေးတဲ့အပြင် တခြားနယ်တွေမှာရော
ရုံးခွဲတွေရှိပါသေးလား သိပါရစေရှင့်။
ဖြေ- ရုံးခွဲကတော့ လောလောဆယ်မရှိသေးပါဘူး။ကျွန်တော်တို့က ဒီရန်ကုန်မှာပဲ အဓိကလုပ်တာပါ။
မေး- အကိုတို့ company ရဲ့ဝန်ဆောင်မှုလေးတွေပြောပြပေးပါရှင့်။
ဖြေ- ၀န်ဆောင်မှုကတော့ အကုန်ပေါ့။ Customer တွေစိတ်ကြိုက်ဖြစ်အောင် အစအစ အရာရာ အဆင်ပြေအောင် ကျွန်တော်တို့လုပ်သင့်တာ
အကုန်လုပ်ပေးပါတယ်။
မေး- အကိုတို့ Company ရဲ့ဝန်ဆောင်ခ နှုန်းထားလေးတွေလဲ သိပါရစေရှင့်။
ဖြေ- ၀န်ဆောင်က နှုန်းထားကတော့ပုံမှန်ပါပဲ။ ၂% ပေါ့။ အငှားက အိမ်ရှင် တစ်လ အိမ်ငှားတစ်လ ယူတယ်။
မေး- အကိုတို့ Company ကအိမ်ခြံမြေအတွက် ၀န်ဆောင်မှုပေးတဲ့အပြင် တခြားလုပ်ငန်းတွေအတွက် ၀န်ဆောင်မှုပေူတာတွေ ရှိသေးလား သိပါရစေရှင့်။
ဖြေ- တခြားလုပ်ငန်းအတွက် ၀န်ဆောင်မှုကတော့ လေလောဆယ် မရှိသေးဘူး။ ကျွန်တော်တို့က အိမ်ခြံမြေ သီးသန့်လုပ်တာပေါ့။
မေး- ကွန်ဒိုဥပဒေ နဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ့ ရန်ကုန် အိမ်ခြံမြေ ဈေးကွက်အပေါ်မှာ ဘယ်လို သက်ရောက်မှု ရှိလာမယ်လို့အကိုထင်ပါသလဲရှင့်။
ဖြေ- ကွန်ဒို Law ထွက်မယ် ။ ပြီးတော့ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ၀င်လာမယ်ဆိုရင်တော့ ကွန်ဒို၊ တိုက်ခန်း အနေအထားက ကောင်းသွားမှာပဲ။ ကွန်ဒို၊
တိုက်ခန်းဈေးနှုန်းတွေလဲ တက်လာမယ်လို့ထင်ပါတယ်။
မေး- အဲလိုဥပဒေတွေရှိလာရင် ဘယ်လို အချက်တွေကို ထည့်သွင်း စဉ်းစား သင့်တယ်လို့ အကိုယူဆပါသလဲရှင့်။
ဖြေ- အဲဒီဥပဒေ တွေရှိလာရင် ပိုပြီးတော့ခိုင်မာလာမှာပေါ့။ အခုအနေအထားထက်စာရင် အစိုးရကနေ ကိုယ်တိုင် စာချုပ်စာတန်းကိစ္စတွေ ၊
အမည်ပေါက်ကိစ္စတွေ၊ ကွန်ဒို တိုက်ခန်းနဲ့ ပတ်သတ်တဲ့ စာအုပ်တွေ ထွက်လာရင်တော့ ကျွန်တော်တို့လဲ လုပ်ရတာ ပိုပြီး အဆင်ပြေတာပေါ့။ပုံမှန် နဲ့စာရင်လေ။
မေး- အခုလတ်တလောမှာ အကိုတို့ Company က ဘယ်လိုအိမ်ခြံမြေ အမျိုးအစားတွေက ပိုပြီး ရောင်းအငှားသွက်နေလဲ သိပါရစေရှင့်။
ဖြေ- အခုချိန်မှာတော့ စီးပွားရေးသမားတွေများတော့ သူတို့က ရုံးတွေ ၊ company တွေ ဖွင့်တာများတယ် ။ အဲဒီတော့ နေရာကောင်းတွေ ရွေးပြီးငှားကြတယ်။
နေရာကောင်းတွေက အရောင်းအငှားသွက်နေတယ်။
မေး- တန်ဖိုးနည်း အိမ်ရာက စီမံကိန်းတွေက ရန်ကုန်အိမ်ခြံမြေဈေးကွက် အပေါ်မှာ ဘယ်လိုသက်ရောက်မှု ရှိလာမယ်လို့ အကိုယူဆပါသလဲရှင့်။
ဖြေ- Promotion ကတော့ ပုံမှန် အတိုင်းပဲသွားမှရမယ်။ထူးထူးကဲကဲလုပ်တဲ့ Company တွေကတော့ အများကြီးပါပဲ။အဲဒီလို လုပ်ရင် သိပ်အဆင်မပြေဘူး။
တပြေးညီလုပ်တာပဲ ကောင်းတယ်။စည်းကမ်းတကျပေါ့။ အဲဒီလို စည်းကမ်းမကျလို့ မြန်မာနိုင်ငံ အိမ်ခြံမြေလောက က ပျက်သလောက်ဖြစ်သွားပြီ။
လက်ရှိက ကျွန်တော်ကိုယ်တိုင်ကလည်း ရန်ကုန်တိုင်း စည်းကမ်းထိန်းသိမ်းရေးတာဝန်ခံဆိုတော့ ကိုယ်တိုင်က စည်းကမ်းမလိုက်နာရင် အလကားပဲ။သတ်မှတ်
နှုန်းထားအတိုင်းယူတာ အကောင်းဆုံးပဲ။
မေး- အကို့အနေနဲ့ Customer တွေကို ဘယ်လို အကြံဥာဏ် များပေးချင်သလဲရှင့်။
ဖြေ- Customer တွေအားလုံးကတော့ စစ်မှန်တဲ့ Customer တွေ ဆိုရင်အကောင်းဆုံးပဲ။ Real Customer ဆိုရင်တော့ ကျွန်တော်တို့ဘက်က အကောင်းဆုံး လုပ်ဆောင်ပေးဖို့
ဝန်မလေးပါဘူးလို့ ပြောချင်ပါတယ်။
အခုလို အချိန်ပေးပြီး ဖြေကြားပေးတဲ့အတွက် "Property Guide " က အထူးကျေးဇူးတင်ပါတယ်ရှင့်။
latest Issues